No Financial Difficulties Should Prevent One's Education.
We are committed in making education as free as possible. Every Live courses offered by 10/10 Institute has 10/10 Scholarship.
Hazel
@CW B4
ကိုဂျွန်တန်းခန့်ရဲ့content writing classသာ တက်ပြီးရင်တော့ ဟဲ ဟဲ ...သာမန်စာဖတ်သူအဆင့်ကနေ စာရေးတတ်သူအဆင့်ကို ၀ူခုံးလိုခုန်ပျံကျော်လွှားသွားမှာနော်! မယုံမရှိ အခု Hazelရေးတာသာ ကြည့်ပါဗျာ
100℅တတ်မြောက်ဖို့ကတော့ သင်ပေးတဲ့ tips and tricks တွေကို သေချာလေ့ကျင့်ပြီး အသုံချသွားမှာရမှာပါ။ ဒါပေမယ့် စိုးရိမ်စရာတော့ သိပ်မလိုပါ။ why?... ကိုဂျွန်တန်းခန့်က တစ်ရက်သင်ပြီးတာကို နောက်ရက် နောက်အပတ်တွေမှာလည်း ပြန်ပြန်ပြီး recap လုပ်ပေးတာပါဗျာ။ သင်တန်းကြေးမတတ်နိုင်ရင်လည်း 10/10 need-based scholarshipလေးရှိနေတာမို့ သင်တန်းကောင်းလေးကို လက်လှတ်လိုက်ရမှာတွေကို မစိုးရိမ်ရတော့ဘူးလေ။ တခြားclassတွေနဲ့ မတူဘဲ Hazel ကြိုက်တဲ့တစ်ချက်က ကိုဂျွန်တန်းခန့်ရဲ့ လူငယ်ဆန်ဆန် လွတ်လပ်စွာနဲ့ သင်ကြားပြောဆိုတဲ့ပုံစံရယ်, စိတ်လွတ်ကိုယ်လွတ်နဲ့ မသိတာရှိရင်လည်းချက်ချင်းမေးနိုင်ပြီး ပေါ့ပေါ့ပါးပါးသင်ယူလို့ရတာပါ။ ဒါပေမယ့် ကိုဂျွန်တန်းခန့်က အသင်အပြတော်လွန်းတော့ နားလည်လွယ်ပြီးမေးစရာမရှိတာကိုက ခက်နေတာပါ
Eaint Sander Nyein
@CW B2
အရင်ဆုံး content အကြောင်း တစေ့တစောင်းမသိဘဲ စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့ ခွေးအကြီးလှည်းနင်းသလို ဖြစ်နေတဲ့သူကို scholar အပြည့်ပေးခဲ့လို့ကျေးဇူးပါဆရာ။လူတွေအများကြီးနဲ့ သင်ရတဲ့ အတန်းပေမယ့် Sat/Sunအတန်းမှာကျ one by one class လိုတောင် ဖြစ်ခဲ့ရတယ်ပေါ့နော်။ဒါပေမယ့် အတန်းက လူများသည်ဖြစ်စေ၊နည်းသည်ဖြစ်စေ ဆရာက တက်ကြွတဲ့ ကြက်ဖပမာ ယုံကြည်ချက်ရှိရှိ ပေါ့ပေါ့ပါးပါးနဲ့ ပြောတာကိုလည်း တကယ်ကြိုက်ပါတယ်။သင်တန်းမှာသင်လိုက်ရတဲ့ အရာတွေက အပြင်လောကမှာ လက်တွေ့အသုံးဝင်တာကို သိခဲ့ရပါတယ်။ဆရာ့ စေတနာတွေကြောင့်ပဲလားမသိ၊အဖိုးမဖြတ်နိုင်တဲ့ ပညာဗဟုသုတတွေကို ရရှိခဲ့ပါတယ်။တသက်စာအသုံးဝင်တဲ့ အရာတွေကို သင်ပေးခဲ့တဲ့ ဖျတ်ဖျတ်လတ်လတ်နဲ့ ပြုံးလိုက်ရင် သွားတက်ကလေးပါပေါ်တဲ့ ဆရာ့ကို တကယ်ကျေးဇူးတင်ပါတယ်ရှင့်။