Content Writing
5-week training that teaches you from the top to bottom of Content Writing. Taught by our founder, this class has best ratings from students.
Chan
@CW
အမ်...chan အနေနဲ့ပြောရမယ်ဆို ချမ်းသင်ခဲ့ရသမျှက ချမ်းမသိသေးတဲ့အရာတွေချည်းဘဲ
ဒါဖြင့်လေ ချမ်း အကိုဂျွန်သင်တာတွေကို တစိုက်မက်မက်နားထောင်ပြီး assignment လေးတွေပုံမှန်လိုက်လုပ်ရင်း တော်ကီတွေကြွယ်လာတာတော့အမှန်ဘဲ
content writing တွက်ကလည်း တော်ကီကြွယ်ဖို့လိုတာကိုး
နောက်ပြီး chan ဆိုလေ သက်မဲ့အရာဝတ္ထုတွေကိုသက်ရှိအလား ကဗျာဆရာ မဟုတ်ပေမယ့် တွေးတောတတ်လာတယ်။ ပြီးတော့ အကိုဂျွန်ရဲ့ class management အရမ်ကောင်းပါတယ်။
သူစာသင်နေတာကို camera off ထားပြီး အိပ်ရာမှာလဲရင်းစာသင်နေရင်တောင်လေ ထပြီးစာရိုက်ရတဲ့အထိဘဲ activities လုပ်ရလို့
ပြီးတော့ အကိုဂျွန့်ဆီမှာ တက်ပြီးသိရတာတစ်ခုကလေ 'Never look down on the other'ဘဲ လူတွေကိုအသက်ကြီးကြီးငယ်ငယ် အထင်မသေးမိစေဖို့ဘဲ။
အကိုဂျွန်ကိုမသိတဲ့လူတွေရင် လူငယ်လူရွယ်ပေါ့ ဒါပေမယ့် နွားခြေရာကွက်ကိုဘဝကြီးထင်နေရင် အကိုဂျွန်နဲ့တွေ့ကြည့်လိုက် ချက်ချင်းပျောက်သွားလိမ့်မယ်အဲစိတ်တွေ
chan အနေနဲ့ ဒီ classလေးကို join ခွင့်ရတာ ဘုရားပေးတဲ့ဆုလာဘ်လေးလိုပါဘဲ။
chan အနေနဲ့ rating 7ပေးပါတယ်။ ကျန်တဲ့ 3 က ကိုယ့်ရဲ့အားထုတ်မှုမို့ပါ။
ဘယ်အရာမဆို ကိုယ်အားထုတ်မှ အဲရဲ့အကျိုးကျေဇူးကိုခံစားရမှာပါ။ ရွှေအိုးကြီး ကိုယ့်ရှေ့ရောက်နေပြီ ကိုယ်မယူရင် ကိုယ်ကဘာလဲဆိုတာ ကိုယ့်ဘာသာစဉ်းစားကြည့်ပါ..
Nway Nway Htwe
@CW B4
အရင်ဆုံးအနေနဲ့ပေါ့နော် "Content ဆိုတာ ဘာလဲ၊ဘယ်လိုဟာလဲ" ဆိုတာ ကွဲ"ပြား"နားလည်ခဲ့ပါတယ်။ရေးတဲ့အခါမှာ "ဘယ်လိုစဉ်းစားတွေးခေါ်ရမလဲ၊ဘယ်လိုတွေ သုံးနှုန်းသင့်သလဲ၊ဘယ်လိုဟာတွေ သတိထားရမလဲ" စသဖြင့် အသေးစိတ် သိရှိခဲ့ရပါတယ်။
review content, collection content စတဲ့ content ပေါင်းမျိုးစုံကို ဦးနှောက်ထဲ အကန့်လိုက်လေးစီနေအောင် သင်ကြားပေးခဲ့တဲ့အတွက် အခုဆိုရင် ဘာလာလာ အမျိုးစုံ ကြိုးခုန်နိုင်သွားပါပြီ။
No, I've nothing to suggest.Cuz this class is the best that I've ever seen.
အဓိက က သင်တန်းသားတွေကို နားလည်ပေးနိုင်တာပါ။zoomမှာ သင်ကြားရတာဖြစ်တဲ့အတွက် အများစုက cameraမဖွင့်ချင်ကြပါဘူး။အဲ့တာကို နားလည်နိုင်ပြီး သက်သောင့်သက်သာနဲ့ သင်ယူနိုင်စေတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်။
သင်တဲ့အချိန် ပေါ့"တန်"မနေဖြစ်အောင် စာ ပြောပြပြီးချိန်တိုင်း exercise တွေကို အချိန်အကန့်အသတ်နဲ့ လက်တန်းထိုးရေးခိုင်းတာကတော့ သဘောအကျဆုံးအချက်ပါ။အဲ့အတွက်ကြောင့် တစ်ရက်သင်ပြီးတိုင်း ခေါင်းထဲမှာ တစ်ရက်စာ အော်တိုမှတ်မိနေရောပါပဲ။
Khaing Hsu Nyein
@CW B2
အသိပညာခန်းမကြီးထဲရောက်သွားသလိုခံစားချက်မျိုးနဲ့ Content writingဆိုတဲ့ ဂန္တဝင်စာအုပ်ကြီးတစ်ခုကို အေးချမ်းတဲ့ညအချိန်အခါသမယမှာ ဖတ်လိုက်ရသလိုမျိုး စိတ်အတွေးအခေါ်ပါ အမှောင်ကနေ အလင်းဆီသို့ ကူးပြောင်းသွားအောင် ပညာအစုံ သင်ယူခဲ့ရပါတယ်။ ဒီသင်ခန်းစာတွေက ပတ္တမြားပမာအဖိုးတန်လှတာမို့ သေချာနံရိုးဆွဲ မှတ်ထားပါ့မယ်ရှင့်။ ဒီအတန်းကိုရွေးချယ်မိတာဟာ right person right timeနဲ့ ဆုံတွေ့ရသလိုမျိုး တကယ်ကို အကျိုးရှိပြီး စိတ်ချမ်းသာစေပြီး နောင်တမရစေတာမျိုးပါပဲရှင့်။
Wai Wai Kyaw
@CW B2
ဒီသင်တန်းက နေ အကျိူးအများကြီး ရှိစေခဲ့တာတော့ မလိမ်တမ်း ပြောရဲတယ် ကိုက စာရေးချင်ပေမယ့် အရမ်း ကြောက်နေခဲ့တာ အမှားတွေပါမှာ ရေးပီးရင်လဲ ပြန်မဖတ်ရဲဘူး ရှက်လို့ ကိုက အတွေ့အကြုံမရှိတော့ ဆရာရဲ့ Assignment တွေ အမှတ်ပြည့်တော့ မရခဲ့ပါဘူး အတော်ကြိုးစားခဲ့ပါတယ် လိုအပ်ချက်တွေလဲ ထောက်ပြပီး feedback ပေးတာမို့ ဘာလိုအပ်လဲ ကွက်ကွက်ကွင်းကွင်း သိခဲ့ရတယ် အကောင်းဆုံးအချက်က စာရေးနိုင်ဖို့ သတ္တိ Idea knowledge ဒါတွေက စာတွေရေးနိုင်ဖို့ အထောက်အကူဖြစ်ခဲ့တာပဲ ရေးပီးရင်လဲ အကုန်ပြန်ပီ လိုအပ်ချက်ကို မြင်အောင်ပြပေးလို့ ပြည့်စုံသောပဲ ဘာဘာကြီးကနေ အလာကြီး ဖြစ်ခဲ့တာတော့ အမှန်ပဲဗျို့
Hazel
@CW B4
ကိုဂျွန်တန်းခန့်ရဲ့content writing classသာ တက်ပြီးရင်တော့ ဟဲ ဟဲ ...သာမန်စာဖတ်သူအဆင့်ကနေ စာရေးတတ်သူအဆင့်ကို ၀ူခုံးလိုခုန်ပျံကျော်လွှားသွားမှာနော်! မယုံမရှိ အခု Hazelရေးတာသာ ကြည့်ပါဗျာ
100℅တတ်မြောက်ဖို့ကတော့ သင်ပေးတဲ့ tips and tricks တွေကို သေချာလေ့ကျင့်ပြီး အသုံချသွားမှာရမှာပါ။ ဒါပေမယ့် စိုးရိမ်စရာတော့ သိပ်မလိုပါ။ why?... ကိုဂျွန်တန်းခန့်က တစ်ရက်သင်ပြီးတာကို နောက်ရက် နောက်အပတ်တွေမှာလည်း ပြန်ပြန်ပြီး recap လုပ်ပေးတာပါဗျာ။ သင်တန်းကြေးမတတ်နိုင်ရင်လည်း 10/10 need-based scholarshipလေးရှိနေတာမို့ သင်တန်းကောင်းလေးကို လက်လှတ်လိုက်ရမှာတွေကို မစိုးရိမ်ရတော့ဘူးလေ။ တခြားclassတွေနဲ့ မတူဘဲ Hazel ကြိုက်တဲ့တစ်ချက်က ကိုဂျွန်တန်းခန့်ရဲ့ လူငယ်ဆန်ဆန် လွတ်လပ်စွာနဲ့ သင်ကြားပြောဆိုတဲ့ပုံစံရယ်, စိတ်လွတ်ကိုယ်လွတ်နဲ့ မသိတာရှိရင်လည်းချက်ချင်းမေးနိုင်ပြီး ပေါ့ပေါ့ပါးပါးသင်ယူလို့ရတာပါ။ ဒါပေမယ့် ကိုဂျွန်တန်းခန့်က အသင်အပြတော်လွန်းတော့ နားလည်လွယ်ပြီးမေးစရာမရှိတာကိုက ခက်နေတာပါ
Eaint Sander Nyein
@CW B2
အရင်ဆုံး content အကြောင်း တစေ့တစောင်းမသိဘဲ စိတ်အားထက်သန်မှုတစ်ခုတည်းနဲ့ ခွေးအကြီးလှည်းနင်းသလို ဖြစ်နေတဲ့သူကို scholar အပြည့်ပေးခဲ့လို့ကျေးဇူးပါဆရာ။လူတွေအများကြီးနဲ့ သင်ရတဲ့ အတန်းပေမယ့် Sat/Sunအတန်းမှာကျ one by one class လိုတောင် ဖြစ်ခဲ့ရတယ်ပေါ့နော်။ဒါပေမယ့် အတန်းက လူများသည်ဖြစ်စေ၊နည်းသည်ဖြစ်စေ ဆရာက တက်ကြွတဲ့ ကြက်ဖပမာ ယုံကြည်ချက်ရှိရှိ ပေါ့ပေါ့ပါးပါးနဲ့ ပြောတာကိုလည်း တကယ်ကြိုက်ပါတယ်။သင်တန်းမှာသင်လိုက်ရတဲ့ အရာတွေက အပြင်လောကမှာ လက်တွေ့အသုံးဝင်တာကို သိခဲ့ရပါတယ်။ဆရာ့ စေတနာတွေကြောင့်ပဲလားမသိ၊အဖိုးမဖြတ်နိုင်တဲ့ ပညာဗဟုသုတတွေကို ရရှိခဲ့ပါတယ်။တသက်စာအသုံးဝင်တဲ့ အရာတွေကို သင်ပေးခဲ့တဲ့ ဖျတ်ဖျတ်လတ်လတ်နဲ့ ပြုံးလိုက်ရင် သွားတက်ကလေးပါပေါ်တဲ့ ဆရာ့ကို တကယ်ကျေးဇူးတင်ပါတယ်ရှင့်။
Hmue Thet Chel
@CW B3
Content writing ရေးတာနဲ့ပတ်သက်ပြီး ဘာဆိုဘာမှနားမလည်ခဲ့ပါဘူး။ ဆရာဂျွန်နဲ့သင်ပြီးမှ အစကနေအဆုံးထိ ဘယ်လိုရေးရမယ်ဆိုတာတွေရော၊ tipsတွေရော အကြောင်းအရာ topic တွေရော အကုန်ပြောပြပေးလို့ ကျေးဇူးပါဗျ။ နောက်လည်းmotivationဖြစ်ဖြစ် businessပိုင်းတို့ကိုလည်း ပိုပြောပေးပါဦးဆရာ။ နားထောင်ချင်ပါတယ်။
Eaint Thu Aung
@CW B4
စာသင်ရတာ "smooth like butter
" လိုပါပဲ အရမ်းအဆင်ပြေပါတယ်ရှင့်။ ဆရာက စိတ်လည်းရှည်၊ လူလည်းလူငယ်ဆိုတော့ ခေတ်ရေစီးကြောင်းနဲ့ အညီ ဘာတွေကို ဘယ်လိုလုပ်ရတယ်ဆိုတာကအစ ပြည့်ပြည့်စုံစုံ သင်ပေးနိုင်တယ်။ (စာတွေကတော့ သေချာလိုက်လုပ်ရင် မခက်ပါဘူး။) နေ့စဉ် activities တွေနဲ့ weekly assignments တွေပါလုပ်ရတော့ content writing ပိုင်းမှာ ပိုကျွမ်းကျင်လာတယ်လို့ ခံစားမိတယ်။